 | Warmly Welcome to Sawlinux | Aug 9, 2010 |
ဒီဆိုက်သည် ကွန်ပျူတာဗဟုသုတများ၊ အခြားသော ဗဟုသုတရစရာအကြောင်းအရာများကိုကျနော့်အတွက် လွယ်လင့်တကူ review ဖြစ်အောင် စုစည်းထားသော ဒဏ္ဍာရီမှတ်တမ်းတစ်ခုသာဖြစ်ပါသည်။ ဗဟုသုတပိုင်း ဆိုင်ရာဆိုသည်လည်း အင်တာနက်ပေါ် နည်းပညာရှင် ညီငယ်ဆိုက်များမှ ရယူထားခြင်းရှိသလို ကျနော်ကိုယ် တိုင်အနည်းငယ်သိထားသောကွန်ပျူတာ knowledge များပါ ပေါင်းစပ်စုစည်းထားခြင်းဖြစ်သည်။ ကျနော်သည် ၀ါသနာရှင်တစ်ယောက်မျှသာဖြစ်ပြီး နည်းပညာရှင် တစ်ယောက်မဟုတ်ပါကြောင်းထပ်လောင်းဝန်ခံပါသည်။
Window Video file များသည် ကွန်ပျူတာစတင် လေ့လာသူများအတွက် အင်မတန်အထောက်အကူဖြစ်စေပါသည်။ ဒါကြောင့် လမ်းကြောင်း
မသိ သေးတဲ့ ပုဂ္ဂိုလ်များအတွက် အထောက်အကူဖြစ်စေရန်အလို့ငှါ ဒီမာလတီ မှာတင်ထားရခြင်းဖြစ်ပါ တယ်။ မည်သို့သော outstanding,businessအ ဖြစ် မရည်ရွယ်ပါ။ နောက်ဆုံးအနေနဲ့ Window Video fileများ ဒီမာလတီ မှာ တင်ထားခြင်းဖြင့် video မှာ သင်တန်းပို့ချတဲ့ဆရာ၊co
pyright မူ ပိုင် ယူထားသူရှိခဲ့မယ်ဆိုလျှင် အားလုံးကိုခွင့်တောင်းအပ်ပါသည်။ တစ်စုံတစ်ခုအကြောင်းမသင့်ခဲ့သော် ကျနော်ရဲ့ဧည့်သည်မှတ်
တမ်းထဲမှာဆန္ဒထုတ် ဖ်ါလာရောက်ရေးသားနိုင်ပါသည်။ အားလုံးလေးစားလျှက်.... (စောလင်းနက်စ်) |
သူ့ရဲ့မွေးဖွားခြင်းအစ ဘယ်သူမှမသိ၊
ဒါပေသိ……..
သူ့သမိုင်း သူ့ရာဇ၀င်၊ အမှန်ပင် တကယ်ရှိခဲ့တယ်၊
သူ့မှာ ကဗျာနဲ့ စာပေနဲ့ ယဉ်ကျေးမှုနဲ့ လူမျိုးစုနဲ့၊
အနုပညာနဲ့ ရိုးရာနဲ့ ၊ ဒီချစ်စရာ အမွေအနှစ်တွေ၊
သူ့မြေမှာ သူစိုက်ပျိုး၊ တကယ်ပင် သူမြတ်နိုးခဲ့တယ်။
ရာသီဒဏ် မုန်တိုင်းကြားက သက္ကရာဇ်တွေ သူ့ကိုဖြို၊
အကြိမ်ကြိမ် သူအိုခဲ့ပေမည့် ၀န်ထုပ်ဝန်ပိုး သူမမှု၊
အသက်ရှုသံ နုပျိုဆဲ။
|
အို…. ချစ်သော ဇွဲကပင်
သင်ရင်ထဲက တေးသံ၊ လောက၏ ရင်သွေးကြား၊
သံစဉ်တွေ မှားချင်မှားမယ်၊
တွေဝေကာ စိတ်ပျက် သီဆိုသံ တိတ်လိုက်ပါနဲ့၊
ဒေါနတောင် ပြာပြာတန်းက ညင်သာသော ကျွဲချိုသံ၊
စဉ်လာမပျက် ကြွေးကြော်လျှက်ပါ၊
မြစ်သံလွင် နဒီကြောဆီက
စည်းလုံးခြင်း သင်္ကေတ ဒုံးအက၊
စဉ်လာမပျက် က ပြလျှက်ပါ၊
ကိုးဒီနွယ်ဝင် ဧရာဝတီထံလည်း
အားမာန်ပါတဲ့ ဖါးစည်သံ
ကောင်းကင်ယံ ညံညံလျှက်ပါ။
စောနေမျိုး(ဒုံးယိမ်းမြေ) |
  | Photos | Aug 10, 2010 |
Hat Yai in Thailand 5 Photos
Karen Tradition 5 Photos
Zwekabin 5 Photos
|
 |